တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သည် ယခုလ ၂၇ ရက်နေ့တွင် အစည်းအဝေးကို ကျင်းပပြီး တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေး အတိုင်ပင်ခံ လုပ်ငန်း စည်းမျဉ်းကို စိစစ်ဆွေးနွေးခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ယခုအကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပ ခဲ့ပါသည်။
အစည်းအဝေးတွင် နိုင်ငံရေး အတိုင်ပင်ခံလုပ်ငန်းကို ကောင်းမွန်အောင် ဆောင်ရွက် လိုလျှင် ပါတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်ကို လမ်းညွှန်ချက် အဖြစ်ထားပြီး၊ ရှီကျင့်ဖိန်၏ ညီညွတ်ရေးတပ်ပေါင်းစု လုပ်ငန်း ပိုမို ပြည့်စုံကောင်းမွန်လာအောင် အားဖြည့် ဆောင်ရွက်ရေးဆိုင်ရာ အရေးကြီး အတွေးအခေါ်နှင့် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံလုပ်ငန်း ပိုမို ပြည့်စုံကောင်းမွန်လာအောင် အားဖြည့် ဆောင်ရွက်ရေးဆိုင်ရာ အရေးကြီး အတွေးအခေါ်ကို လက်တွေ့ ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း ဖေါ်ပြထားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။