ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသတည်ထောင်ခြင်း ၂၅ နှစ်မြောက် အခြေခံဥပဒေဖိုရမ် ကျင်းပ

(GMT+08:00)2022-05-28 13:43:58  

ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသတည်ထောင်ခြင်း ၂၅ နှစ်မြောက် အခြေခံဥပဒေ ဖိုရမ်ကို မေလ ၂၇ရက်နေ့တွင် ဟောင်ကောင်၌ ကျင်းပခဲ့ပါသည်။ ယင်းသည် ဟောင်ကောင်က အမိနိုင်ငံ ရင်ခွင်သို့ ပြန်လည် ဝင်ရောက်ခဲ့ခြင်း ၂၅နှစ်မြောက် အထိမ်းအမှတ်ပြုရန် အဓိကလှုပ်ရှားမှုများထဲတွင် တစ်ခု အပါအဝင် ဖြစ်ပါသည်။

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြေခံဥပဒေအရဆောင်ရွက်ပြီး ဗဟိုအစိုးရကို အားကိုးကာ နိုင်င်တော်လုံခြုံရေးကို ထိန်းသိမ်းကာကွယ်မှသာ ဟောင်ကောင်၏ သာယာဝပြောရေးနှင့် တည်ငြိမ်ရေးကိုအာမခံပေးနိုင်မည်ဖြစ်ကြောင်း ဖိုရမ်တွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။