၁၁၇ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ကြပ်မတ်ခြင်း ပြီးမြောက်

(GMT+08:00)2022-05-28 13:16:29  

မေလ၂၇ရက်နေ့ ၁၁နာရီတွင် တရုတ်နိုင်ငံမှ ကြပ်မတ်ရေးသင်္ဘော၂စင်းသည် ရှစ်ဆောင်ပနား ကျင်ဟာ ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့ပြီး  ၁၁၇ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲ ကင်းလှည့် ကြပ်မတ်ခြင်း အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း၊ ယခုအကြိမ် ပူးတွဲကင်းလှည့်ကြပ်မတ်ခြင်းကို ၄ ရက် ၃ ညကြာ ဆောင်ရွက်ပြီး ခရီးစဉ် စုစုပေါင်း ကီလိုမီတာ ၆၀၀ ကျော် ရှည်လျားကြောင်း China Media Groupမှ သတင်းအရသိရပါသည်။