တရုတ်သည် အာဆီယံ၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်း ထာဝရ ဖြစ်လိမ့်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2022-05-27 15:30:00  

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးမှုအရ အာဆီယံအဖွဲ့က တရုတ်နိုင်ငံသည် အနာဂတ်တွင် အာဆီယံအဖွဲ့၏ အရေးအကြီးဆုံးသော မိတ်ဖက်နိုင်ငံ ဖြစ်သည်ဟု ယူဆပါသည်။ ၄င်းနှင့်ပတ်သက်၍ မေလ ၂၆ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က တရုတ်နိုင်ငံ အနေဖြင့် အာဆီယံအဖွဲ့၏ မျှော်လင့်အားထားနိုင်သော အိမ်နီးချင်းကောင်း၊ မှီခိုအားကိုးနိုင် သော မိတ်ဆွေကောင်းနှင့် ယုံကြည်နိုင်သော မိတ်ဖက်ကောင်း ထာဝရဖြစ်လိမ့်မည်ဟု အလေးထား ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က တရုတ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ကို တရုတ်နိုင်ငံ၏ ဘေးပတ်ဝန်းကျင်နိုင်ငံများနှင့် သံတမန်ဆက်သွယ်ရာတွင် ဦးစားပေးနေရာ၌ စွဲစွဲမြဲမြဲထားလျက်ရှိ ကြောင်း၊ ဒေသတွင်းမူဘောင်ထဲတွင် အာဆီယံအဖွဲ့၏ ဗဟိုအနေအထားကို စွဲစွဲမြဲမြဲ ထောက်ခံလျက်ရှိ ကြောင်း၊ ရေရှည်ကာလတွင် ဖြစ်ပေါ်လာသော ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးမူဘောင်နှင့် အောင်မြင်မှုများကို စွဲစွဲမြဲမြဲ တန်ဖိုးထားပြီး ကာကွယ်ထိန်းသိမ်းလျက်ရှိကြောင်း ထပ်လောင်းအတည်ပြု ပြောကြား ခဲ့ပါသည်။