တရုတ် ငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်မှု တပ်သားများသည် စောင့်ရှောက်မှုတပ်သားဖြစ်သည့်အပြင် မိတ်ဆွေလည်း ဖြစ်

(GMT+08:00)2022-05-27 15:36:09  

မေလ ၂၉ရက်နေ့သည် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်မှုဝန်ထမ်းများ နိုင်ငံတကာနေ့ဖြစ်ပါသည်။ ၁၉၉ဝပြည့်နှစ်မှစ၍ တရုတ်နိုင်ငံသည် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်မှုလှုပ်ရှားမှု (၃၀)နီးပါးကို ပါဝင်ပြီဖြစ်ပြီး ငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်မှုဝန်ထမ်း (၅)သောင်းကျော်ကို စေလွှတ်ပြီဖြစ်ကြောင်း၊ နှစ်ပေါင်းများအတွင်း တရုတ် ငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်မှု တပ်မှူးတပ်သားများသည် ကုလသမဂ္ဂမှ ပေးအပ်သောတာဝန်များကို ပြီးစီးခဲ့သည့်အပြင် ဒေသခံ ပြည်သူများအတွက် လမ်း၊ လေဆိပ်၊ တံတားများကို ပြုပြင်တည်ဆောက်ပြီး ဆေးကုဝန်ဆောင်မှုပေးခဲ့ကြောင်း၊ ၎င်းတို့သည် ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်သော တပ်သားများဖြစ်သည့်အပြင် မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းလည်း ဖြစ်ကြကြောင်း China Media Groupက ဖော်ပြပါသည်။