ဆင်ခြင်ဉာဏ်ဖြင့် စိတ်ခံစားလွယ်ခြင်းကို အနိုင်ရစေပြီး အမြော်အမြင်ကြီးခြင်းဖြင့် အမြင်ကျဉ်းခြင်းကို အနိုင်ရစေရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပန်ကြား

(GMT+08:00)2022-05-27 15:31:01  

မေလ ၂၆ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က တရုတ်နိုင်ငံ အနေဖြင့် ရုရှားနှင့် ယူကရိန်းနှစ်နိုင်ငံတို့မှ ဆွေးနွေးပွဲကို ဆက်လက် ကျင်းပရန် ထောက်ခံကြောင်း၊ ဥရောပသမဂ္ဂနှင့် နေတိုးအဖွဲ့အား ရုရှားနိုင်ငံနှင့် ဘက်စုံဆွေးနွေးရန်၊ ဆင်ခြင်ဉာဏ်ဖြင့် စိတ်ခံစားလွယ်ခြင်းကို အနိုင်ရစေပြီး အမြော်အမြင်ကြီးခြင်းဖြင့် အမြင်ကျဉ်းခြင်းကို အနိုင်ရစေရန်၊ နောက်ဆုံးတွင် ညီမျှပြီး ထိရောက်ကာ ဆက်တိုက်ဖွံ့ဖြိုးတိုးတက်နိုင်သော ဥရောပတိုက် လုံခြုံရေး မူဘောင်ကို တည်ဆောက်ရန် ပန်ကြားကြောင်း အလေးထားပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ရုရှား-ယူကရိန်းအချင်းပွားမှုဖြစ်ပွားပြီးနောက် ယခုအထိ ဥရောပတိုက်တွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဆုံးရှုံးနစ်နာမှုများကို ခံစားနေရသော်လည်း အမေရိကန်နိုင်ငံကမူ အကျိုးအမြတ် ရရှိနေကြောင်း ပြောကြားခဲ့ပါသည်။