နေတိုးအဖွဲ့သည် ဥရောပကို ရှုပ်ထွေးစေပြီဖြစ်ပြီး တစ်ကမ္ဘာလုံးကို ရှုပ်ထွေးလာအောင် ကြံစည်ဆောင်ရွက်ခြင်းကို ထပ်မလုပ်ပါနှင့် ဟု တရုတ်ဆို

(GMT+08:00)2022-05-27 15:33:09  


 

  နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် စတိုလ်တန်ဘယ်က်မှ မကြာခင်က တရုတ်နိုင်ငံကို သရုပ်ပျက်အောင် ပုတ်ခတ်ပြောဆိုခြင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က  နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ်သည် အချိန်အတန်ကြာ တရုတ်နိုင်ငံအပေါ် အကြောင်းမဲ့ စွပ်စွဲခြင်းနှင့် တရုတ်နိုင်ငံအား သရုပ်ပျက်အောင် ပုတ်ခတ်ပြောဆိုခြင်းကို ဆက်တိုက် ဆောင်ရွက်ကြောင်း၊ တရုတ် နိုင်ငံရေးစနစ်နှင့် ပြည်တွင်းပြည်ပမူဝါဒများအပေါ် အရမ်းမဲ့ ဝေဖန်ပြီး  "တရုတ်နိုင်ငံမှ ခြိမ်းခြောက်မှု"ကို ဝါဒဖြန့်ခဲ့ကြောင်း၊ ၄င်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချပါကြောင်း မေလ ၂၆ရက်နေ့က ကျင်းပသောပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ပြောကြားခဲ့ပါသည်။

ဝမ်ဝင်ပင်က နေတိုးအဖွဲ့သည် ဥရောပကို ရှုပ်ထွေးစေပြီဖြစ်ပြီး အာရှတိုက်သာမက တစ်ကမ္ဘာလုံးကို ရှုပ်ထွေးလာအောင် ကြံစည်ဆောင်ရွက်ခြင်းကို ထပ်မလုပ်ပါနှင့် ဟု အလေးထားပြောကြားခဲ့ပါသည်။