ရှီကျင့်ဖိန်သည် ပြည်လုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးဌာန သူရဲကောင်း၊ စံပြ၊ ကုသိုလ်ပြုအဖွဲ့ ချီးမြှင့်ပွဲမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

(GMT+08:00)2022-05-26 15:25:48  

၂၅ရက်နေ့ နံနက်ပိုင်းတွင် ပြည်လုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးဌာန သူရဲကောင်း၊ စံပြ၊ ကုသိုလ်ပြုအဖွဲ့ ချီးမြှင့်ပွဲကို ပီကင်း၌ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ချီးမြှင့်ပွဲသို့ တက်ရောက် လာကြသည့် ကိုယ်စားလှယ်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး နွေးထွေးစွာ ဝမ်းမြောက်ကြောင်း ပြောကြားကာ ပြည်သူ့လုံခြုံရေးရဲတပ်ဖွဲ့ဝင် အများအပြားအား စိတ်ရင်းမှန်ဖြင့် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။