ကန်တွင် ကျောင်းဝင်းအတွင်း သေနတ်ပစ်ခတ်မှု နောက်ထပ်ဖြစ်ပွါးခဲ့သည့်အပေါ် ကမ္ဘာသို့ အမေရိကန်၏ လူ့အခွင့်အရေးအစီရင်ခံစာကို အမြန်ဆုံးတင်သွင်းရန် အမေရိကန်ကို တရုတ် တိုက်တွန်း

(GMT+08:00)2022-05-26 15:27:11  

ဒေသစံတော်ချိန် ယခုလ ၂၄ ရက်နေ့က အမေရိကန် တက္ကဆက်ပြည်နယ်ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွါးခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်နိုင်ငံအနေနှင့် အမေရိကန်တွင် ဤကဲသို့ ပြင်းပြင်းထန်ထန် သေနတ်ပစ်ခတ်မှု ထပ်ခါတလဲလဲဖြစ်ပွါးခြင်း ကြောင့် ဆိုးရွားသော ထိခိုက်ဒဏ်ရာရရှိမှုများအတွက် ဝမ်းနည်းကြေကွဲမိကြောင်း၊ ဒဏ်ရာရရှိသူများနှင့်  သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများအား စာနာမိကြောင်းနှင့် နှစ်သိမ့်အားပေးကြောင်း ဖော်ပြသည်ဟု ပြောကြားခဲ့သည်။

ယခုအကြိမ် သေနတ်ပစ်ခတ်မှုတွင် ကလေး ၁၉ ဦး အပါအဝင် လူ၂၁ ဦး သေဆုံးခဲ့ပြီး ယင်းသည် ယခုနှစ်အတွင်း အမေရိကန်တွင် ဖြစ်ပွါးခဲ့သော ၃၉ ကြိမ်မြောက် ကျောင်းတွင်း သေနတ်ပစ်ခတ်မှုဖြစ်ကြောင်း သိရပါသည်။

ဝမ်ဝင်ပင်က ကမ္ဘာသို့ အမေရိကန်၏ လူ့အခွင့်အရေး အစီရင်ခံစာကို အမြန်ဆုံး တင်သွင်းရန် အမေရိကန်ကို တရုတ် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။