TEPCO သည် ဖူကူရှီးမား နျူကလီးယားညစ်ညမ်းရေ ပင်လယ်ထဲထုတ်လွှတ်မှု စက်ကိရိယာများ ဇွန်လတွင် စတင်တည်ဆောက်မည်ဟု NHKဆို

(GMT+08:00)2022-05-26 15:31:37  

ဂျပန်နိုင်ငံ Tokyo Electric Power Company (TEPCO) သည် ဖူကူရှီးမား နျူကလီးယားညစ်ညမ်းရေ ပင်လယ်ထဲ ထုတ်လွှတ်မှုဆိုင်ရာ စက်ကိရိယာများကို ဇွန်လ ပထမဆယ်ရက်ပိုင်းတွင် စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း NHKမှ ယခုလ ၂၆ ရက်နေ့က ဖော်ပြခဲ့သည်။

ယခုလောလောဆယ် ဂျပန်လူထု၏ ထင်မြင်ချက်သည် နျူကလီးယား ညစ်ညမ်းရေ ပင်လယ်ထဲ ထုတ်လွှတ်မှုမှာ အနုတ်လက္ခဏာ သက်ရောက်မှုများ ဖြစ်ပေါ်စေမည်ဟု စိုးရိမ်မိကြပြီး၊ ဖူကူရှီးမား ငါးဖမ်းလုပ်ငန်းဆောင်ရွက်သူများ အနေနှင့်လည်း ယင်းစီမံကိန်းအပေါ် ပိုမို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြသည်ဟုNHK မှ သတင်းအရသိရသည်။