ကန်သည် "အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်" ဆိုသည့် ပူးပေါင်းဆောင်ရွက်မှု အမည်ဖြင့် အမှန်တကယ် သီးသန့်ခွဲခြားမှုကို ဆောင်ရွက်ဟု တရုတ်ဆို

(GMT+08:00)2022-05-26 15:26:25  

အမေရိကန်နိုင်ငံအနေနှင့် "အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်" စတင် ဆောင်ရွက်ခြင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ယင်းမူဘောင်သည် ပူးပေါင်းဆောင်ရွက်မှု အမည်ဖြင့် အမှန်တကယ် သီးသန့်ခွဲခြားမှုကို ဆောင်ရွက်ပြီး အမေရိကန် ဦးဆောင်သော ကုန်သွယ်မှုစနစ်ကို ထူထောင်ရန်၊ ထောက်ပံ့ရေး ကွင်းဆက် ပြန်လည် ဖွဲ့စည်းရန်နှင့် ဒေသတွင်းနိုင်ငံများနှင့် တရုတ်စီးပွားရေး လမ်းခွဲစေရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၂၅ ရက်နေ့က ပြောကြားသည်။

ဝမ်ဝင်ပင်က အမေရိကန်နိုင်ငံမှ "အင်ဒို-ပစိဖိတ် စီးပွားရေး မူဘောင်"ဖြင့် ၂၁ ရာစုနှစ်  ပြိုင်ဆိုင်မှုတွင် အမေရိကန်နိုင်ငံ အနိုင်ရရှိစေရန် အတွက် အသုံးပြုမည် ဟူသော ကြေညာချက်သည် ယင်းမူဘောင်က အမေရိကန်စီးပွားရေး အတွက်သာ ဦးစားပေးဝန်ဆောင်မှုပေးခြင်းကို အပြည့်အဝ ဖော်ပြထားကြောင်းလည်း ပြောကြားသည်။