ယူကရိန်းတွင် တရားမဝင် လက်နက်မှောင်ခိုရောင်းဝယ်မှု တိုးလာနေသည်ဟု ယူကရိန်း အရာရှိဆို

(GMT+08:00)2022-05-26 15:30:59  

ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ယဲ့ဗ်ကင်နီယဲ့နင်က ယခုလ ၂၅ ရက်နေ့က ယူကရိန်း၂၄ ရုပ်သံလိုင်းနှင့် အင်တာဗျူးတွင် ဖေဖော်ဝါရီ ၂၄ရက်နေ့မှစပြီး ယူကရိန်းတွင် လက်နက်တရားမဝင် မှောင်ခို ရောင်းဝယ်မှုနှင့် မော်တော်ယာဉ် ခိုးယူမှု ကျူးလွန်မှုအရေအတွက် တိုးလာသည်ဟု ပြောကြားခဲ့သည်။

ယူကရိန်းကို အထူးစစ်ဆင်ရေး စတင်ကတည်းက ယူကရိန်းက သေနတ်၂၅၀၀၀နဲ့ ခဲယမ်းမီးကျောက် ၁သန်းကျော်ကို ယူကရိန်းမြို့တော် ကိဗ်မှ နေထိုင်သူများကို ဝေငှခဲ့သည်ဟု RIA Novosti က ဖော်ပြသည်။ ယူကရိန်းနိုင်ငံကို အနောက်နိုင်ငံများ၏ စစ်ရေးအကူအညီများ တိုးလာခြင်းကြောင့် ယူကရိန်းက ဒီလက်နက်များကို ဘေးကင်းစွာ သိမ်းဆည်းထားနိုင်ခြင်း မရှိကြောင်း၊ တခြားနိုင်ငံများ၏ မှောင်ခိုဈေးကွက် ထဲသို့ စီးဝင်လာဖွယ်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန  ဒုဝန်ကြီး ဆယ်ရိုမိုလိုတိုးဗ်က ဧပြီလ ၁၃ ရက်နေ့တွင် ပြောကြားခဲ့ဖူးသည်။