ပြည်တွင်းပေးချေမှုများ ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေကိုသာ အသုံးပြုဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်

(GMT+08:00)2022-05-26 15:29:44  

ဒေသစံတော်ချိန် မေလ ၂၅ ရက်နေ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြည်တွင်း ပေးချေမှုများ ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေကိုသာ အသုံးပြုဆောင်ရွက်ရန် ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းညွှန်ကြားချက်ထဲတွင် ပြည်တွင်း၌ နိုင်ငံခြားငွေဖြင့် ပေးချေသောအခြေအနေမျိုး ကျယ်ပြန့်စွာ တည်ရှိသောကြောင့် နိုင်ငံခြားငွေ လိုလားမှု တိုးမြှင့်လာပြီး ငွေလဲလှယ်မှုနှုန်း မတည်ငြိမ်မှု ဖြစ်လာစေကြောင်း၊ ထို့ကြောင့် ယခင်က နိုင်ငံခြားငွေဖြင့် လည်ပတ်သော အာမခံကုမ္ပဏီ၊ ဟိုတယ်၊ စားသောက်ဆိုင်နှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသောကျောင်း စသည့်လုပ်ငန်းကုမ္ပဏီများ အား ငွေပေးချေမှု ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေကိုသာ အသုံးပြုဆောင်ရွက်ရန် ပြောင်းလဲရသည့်အပြင် နိုင်ငံခြားငွေဖြင့် ရရှိသောဝင်ငွေများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း လိုင်စင်ရဘဏ်များတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်၍ အလုပ်လုပ်ရက်(၁)ရက် အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရောင်းချရန် တောင်းဆိုကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။