တရုတ်နိုင်ငံ၏ ကမ္ဘာ့ အရေးကြီး လယ်ယာစိုက်ပျိုးရေး ယဉ်ကျေးမှု အမွေအနှစ် အရေအတွက်သည် ကမ္ဘာ့အများဆုံး ဖြစ်လာ

(GMT+08:00)2022-05-25 16:00:37  

မကြာမီက ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့သည် ပထမဆုံး အကြိမ်အဖြစ် အွန်လိုင်း လေ့လာစိစစ်မှု ပြုလုပ်ပြီး တရုတ်နိုင်ငံ၏ ရိုးရာ လယ်ယာ စိုက်ပျိုးရေးစနစ် သုံးခုကို ကမ္ဘာ့ အရေးကြီး လယ်ယာစိုက်ပျိုးရေး ယဉ်ကျေးမှု အမွေအနှစ် အဖြစ် တရားဝင် အတည်ပြုခဲ့ကြောင်း၊ ယင်းသည် ဖူကျန့်ပြည်နယ် အန်းရှီး ထျယ်ကွမ်ယင် လက်ဖက်ခြောက် ယဉ်ကျေးမှုစနစ်၊ အတွင်းမွန်ဂိုးပြည်နယ် အာလူကိုရလ်ချင် မြက်ခင်းပြင် တိရစ္ဆာန် ထိန်းကျောင်း မွေးမြူရေးစနစ်နှင့် ဟိုပေပြည်နယ် ရှေ့ခရိုင် ရှီယန် တောင်ယာလှေကားထစ်မြေ စနစ်တို့ ဖြစ်ကြောင်း၊ မျက်မှောက်အချိန်အထိ တရုတ်နိုင်ငံ၏ ကမ္ဘာ့ အရေးကြီး လယ်ယာစိုက်ပျိုးရေး ယဉ်ကျေးမှု အမွေအနှစ် အရေအတွက်သည် ၁၈ ခု အထိ တိုးလာပြီ ဖြစ်ပြီး ကမ္ဘာ့အများဆုံး ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

 ဖူကျန့်ပြည်နယ် အန်းရှီး ထျယ်ကွမ်ယင် လက်ဖက်ခြောက် ယဉ်ကျေးမှုစနစ်သည် ပင်လယ် ပိုးလမ်းမကြီး၏ အရေးကြီး ယဉ်ကျေးမှု သင်္ကေတ ဖြစ်ပြီး အာလူကိုရလ်ချင် မြက်ခင်းပြင် တိရစ္ဆှာန် ထိန်းကျောင်းမွေးမြူရေးစနစ်သည် တရုတ်ပြည်၏ ပထမဆုံး ကမ္ဘာ့ အရေးကြီး လယ်ယာစိုက်ပျိုးရေး ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် အမွေအနှစ်နေရာ ဖြစ်၍ ရှေ့ခရိုင် ရှီယန် တောင်ယာလှေကားထစ်မြေ စနစ်သည် ယွမ်မင်းဆက်ခေတ်၌ စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။