ကိုဗစ် ကပ်ရောဂါကို အသုံးပြုပြီး ထိုင်ဝမ် သီးခြားတည်ရှိရေးကို ကြံစည်ခြင်းသည် ထွက်ပေါက်မရှိ

(GMT+08:00)2022-05-24 16:12:49  

၇၅ကြိမ်မြောက် ကမ္ဘာ့ ကျန်းမာရေး ညီလာခံမှ “ထိုင်ဝမ်အား အကဲခတ် အဖြစ် ကမ္ဘာ့ ကျန်းမာရေး ညီလာခံသို့ တက်ရောက်ရေး ဖိတ်ခေါ်ရန်”ဟူသော အဆိုပြုချက်ကို ညီလာခံ အစီအစဉ်တွင် ထည့်သွင်းရန် ရှင်းလင်းပြတ်သားစွာ ငြင်းပယ်ခဲ့ခြင်းနှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ယင်းသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူက နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ အများပြည်သူ၏ ဆန္ဒနှင့် ကိုက်ညီမှုဖြစ်ပြီး သမိုင်းရေစီးကြောင်းလည်း ဖြစ်ကာ ၄င်းမူကို စိန်ခေါ်၍ မရဟု အပြည့်အဝ ဖော်ပြကြောင်း ယခုလ ၂၃ရက်နေ့က ပြောကြားသည်။