APEC သည် စီးပွားကုန်သွယ်ရေးအပေါ် အာရုံစူးစိုက်ပြီး ပထ၀ီနိုင်ငံရေး စသော ပြဿနာများကို ရှောင်ရှားရန်လိုသည်ဟု တရုတ်ဆို

(GMT+08:00)2022-05-24 16:16:59  

၂၁ ရက်နေ့မှ ၂၂ရက်နေ့အထိ ကျင်းပသော APEC ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် အချို့အဖွဲ့ဝင်များသည် ရုရှား-ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ ဆွေးနွေးခြင်းကြောင့် ပူးတွဲကြေညာချက် မထုတ်ပြန်နိုင်ခဲ့ပေ။ အမေရိကန်၊ ကနေဒါ၊ နယူးဇီလန်၊ ဂျပန်၊ သြစတြေးလျ ကိုယ်စားလှယ်များသည် ရုရှားကိုယ်စားလှယ် စကားပြောရာတွင် ဆန့်ကျင်ကြောင်း ဖော်ပြသည့် အနေဖြင့် ထွက်ခွါခဲ့ကြကြောင်း၊ ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ဝမ်ဝင်ပင်က APECသည် အာရှ-ပစိဖိတ်ဒေသတွင် အရေးကြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးစနစ် ဖြစ်ကြောင်း၊ ဘက်အသီးသီးတို့အနေနှင့် APEC စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ သဘောနှင့် အစည်းအဝေး၏ တာဝန်ကို လေးစား၍ စီးပွားကုန်သွယ်ရေး ကိစ္စရပ်များကို အာရုံစူးစိုက်ကာ ပထ၀ီ နိုင်ငံရေးပြဿနာကို ရှောင်ရှား သင့်ကြောင်း ပြောကြားခဲ့သည်။