ရှီကျင့်ဖိန်နှင့် သူ့ဖခင်၊ ရိုးဖြောင့်ဖြူစင်သော စိတ်သဘော

(GMT+08:00)2022-05-24 10:39:16  

   တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က သူ့ဖခင် ရှီကျုံရွှင်အား ရေးပေးသော စာတစ်စောင်တွင် ဖေဖေက သက်ကြီးဝါကြီး နွားတစ်ကောင်လို တရုတ်ပြည်သူများ အတွက် တိတ်ဆိတ်စွာ ထွန်ယက် ကြိုးပမ်းခဲ့ပါသည်။ ယင်းသည် ကျွန်တော်အား ပြည်သူများအတွက် အကျိုးဆောင်ပေးဖို့ တစ်သက်တာလုံး ကြိုးပမ်းရန် တွန်းအား ပေးနေသည်ဟု ရေးသားခဲ့ပါသည်။

   ရှီကျင့်ဖိန်က ကျွန်တော်၏ ဖခင်ဆီမှ ဆက်ခံ သင်ယူရသော မွန်မြတ်သော အကျင့်တရား အလွန် များပြီး ယင်းတို့အနက် ရိုးဖြောင့်ဖြူစင်သော စိတ်သဘောသည် တစ်ခုအပါအဝင် ဖြစ်သည်ဟုလည်း ပြောခဲ့ဖူးသည်။

   ရှီကျုံရွှင်က မိမိသည် လယ်သမားများ၏ သားတစ်ယောက် ဖြစ်သည်ဟု ခဏခဏ ပြောခဲ့သည်၊ သူသည် မိမိကိုယ်ကို လုပ်သားတစ်ဦးအဖြစ်လည်း တစ်လျှောက်လုံး မြင်ထားပါသည်။ ပြည်သူများမှ လာပြီး ပြည်သူများထဲတွင် အမြစ်တွယ်ခြင်းသည် ရှီကျင့်ဖိန်နှင့် သူ့ဖခင်တို့၏ ကွန်မြူနစ်ပါတီဝင် အဖြစ် အစဉ်တစိုက်ဖြစ်သည့် မူရင်းစိတ်ပင် ဖြစ်သည်။

   တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကြီးတွင် ပီကင်း ထျန်းအန်းမင် မြို့ရိုးတန်ဆောင်းပေါ်၌ ရှီကျုံရွှင်က မိမိတို့ စွဲစွဲမြဲမြဲ မှတ်ထားရသည်၊ နိုင်ငံတော်သည် ပြည်သူများပင် ဖြစ်၍ ပြည်သူများသည် နိုင်ငံတော်ပင် ဖြစ်သည်ဟု ပြောခဲ့ဖူးသည်။

   ရှီကျင့်ဖိန်က မိမိအကျိုး မကြည့်၊ ပြည်သူ့အကျိုး မယုတ်စေရဟု ပြောခဲ့ဖူးသည်။ ယင်းသည် ရှီကျင့်ဖိန်နှင့် သူ့ဖခင်တို့၏ ရိုးဖြောင့်ဖြူစင်သော စိတ်သဘောပင် ဖြစ်သည်ဟု China Media Groupမှ သတင်းဆောင်းပါးတစ်ပုဒ်တွင် ရေးသားဖေါ်ပြထားပါသည်။