ဟောင်ကောင်နှင့် မကာအို ရေးရာသည် တရုတ်ပြည်တွင်းရေးဖြစ်ပြီး ပြည်ပမှ ဝင်ရောက် စွက်ဖက်ခြင်းကို လုံးဝ ခွင့်မပြုဟု တရုတ်ဆို

(GMT+08:00)2022-05-24 16:14:56  

    ဥရောပသမဂ္ဂက မကြာမီက ထုတ်ပြန်ခဲ့သော ၂၀၂၁ ခုနှစ် တရုတ် ဟောင်ကောင်၊ မကာအိုရေးရာ အစီရင်ခံစာနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဥရောပသမဂ္ဂမှ ၄င်းအစီရင်ခံစာ ၂ ခုသည် အမှားအမှန် မခွဲဘဲ အမည်းကို အဖြူဖြစ်အောင် လုပ်ကာ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံမူကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး တရုတ်ပြည်တွင်းရေးကို ကြမ်းတမ်းစွာ ဝင်ရောက်စွက်ဖက်ကြောင်း၊ တရုတ်နိုင်ငံသည် ယင်းကို ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်ပြီး ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ ဟောင်ကောင်နှင့် မကာအိုရေးရာသည် တရုတ်ပြည်တွင်းရေး ဖြစ်ပြီး ပြည်ပမှ ဝင်ရောက် စွက်ဖက်ခြင်းကို လုံးဝ ခွင့်မပြုကြောင်း ၂၃ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။