ထိုင်ဝမ်ဆိုင်ရာ ဘိုင်ဒင်၏ ပြောဆိုချက်ကို တရုတ်ပြည်က ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်မိပြီး ပြတ်ပြတ်သားသား ကန့်ကွက်

(GMT+08:00)2022-05-24 16:15:26  

အမေရိကန်-ဂျပန်ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ကျင်းပပြီးသည့်နောက်တွင် တရုတ် ထိုင်ဝမ်ရေးရာများဆိုင်ရာ သမ္မတဘိုင်ဒင်၏ ပြောဆိုချက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဘိုင်ဒင်၏ ပြောဆိုချက်အပေါ်တရုတ်ပြည်က ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်မိပြီး ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ ကိုယ့်အချုပ်အခြာအာဏာပိုင်နှင့် လုံခြုံမှု အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန် တရုတ်ပြည်က ပြတ်သားစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ဝမ်ဝင်ပင်က ကမ္ဘာပေါ်တွင် တရုတ်ပြည်တစ်ပြည်တည်းသာရှိပြီး ထိုင်ဝမ်က တရုတ်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက တရုတ်ပြည်အား ကိုယ်စားပြုသော တစ်ခုတည်းသော တရားဝင်အစိုးရပင်ဖြစ်ကြောင်း၊ ယင်းသည် နိုင်ငံတကာမိသားစုကြီး အတည်ပြု လက်ခံကြသော သဘောထားဖြစ်သည့်အပြင် တရုတ်ပြည်အား အမေရိကန်၏ နိုင်ငံရေး ကတိပြုချက်လည်း ဖြစ်ကြောင်း ဖော်ပြပါသည်။