လူ့အခွင့်အရေးလုပ်ငန်းမှာ တရုတ်ပြည်သည် အချက် ငါးချက်ကို စွဲကိုင်ဟု ဝမ်ယိ ဆို

(GMT+08:00)2022-05-24 16:18:05  

မေလ ၂၃ရက်နေ့က တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် တရုတ်ပြည် ကွမ်ကျူးမြို့၌ အလည်အပတ် ရောက်ရှိလာသော ကုလသမဂ္ဂလူ့အခွင့်အရေး အဆင့်မြင့် ကိုယ်စားလှယ် ဘာကျယ်လတ်နှင့်တွေ့ဆုံခဲ့ရာ ပြည်သူများ၏ ကောင်းမွန်သော ဘဝအပေါ် လိုလားမှုဆန္ဒသည် မိမိတို့၏ ကြိုးပမ်း ဆောင်ရွက်ရေး ရည်မှန်းချက် ဖြစ်သည်ဟု တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ပြောကြား ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် လူ့အခွင့်အရေးလုပ်ငန်းကို ဆောင်ရွက်ရာတွင် အချက်ငါးချက်ကို စွဲကိုင်ကြောင်း၊ ယင်းအချက်ငါးချက်မှာ အသက်ရှင်နေထိုင်ခွင့် အာမခံပေးရေးကို ပထမနေရာတွင် အမြဲတမ်း ထားရှိခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အရေး မြှင့်တင်ခြင်းကို အမြဲတမ်း ဦးစားပေး လုပ်ဆောင်ခြင်း၊ ပြည်သူများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွား အာမခံပေးရေးကို အမြဲတမ်း အခြေခံတာဝန်အဖြစ် သဘောထားခြင်း၊ တိုင်းရင်းသားများ ကဲ့သို့သော သီးခြားလူအုပ်စုများ၏ အခွင့်အရေး ထိန်းသိမ်းကာကွယ်ရေးကို အမြဲတမ်း အလေးထားဆောင်ရွက်ခြင်း နှင့် ပြည်သူများ၏ လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေးကို ရေရှည်ရည်မှန်းချက်အဖြစ် အမြဲတမ်းထားရှိခြင်းတို့ဖြစ်ကြောင်း အလေးထားပြောကြားသည်။