တရုတ်-မြန်မာ ရထားလမ်းကြောင်းသစ် ဖွင့်လှစ်

(GMT+08:00)2022-05-24 16:16:27  

မေလ ၂၃ ရက်နေ့က တရုတ်-မြန်မာ အပြည်ပြည်ဆိုင်ရာ မီးရထားသည် တရုတ်ပြည် ချုံချင့်မြို့ ကိုယွမ်ကိတ် ယွီဇွေ ဘူတာရုံမှ ထွက်ခွါခဲ့ပြီး တရုတ်-မြန်မာ ရထားလမ်းကြောင်း သစ်(ချုံချင့်-လင်ဆောင်း-မြန်မာ) တရားဝင် ဖွင့်လှစ်ခြင်းကို ပြသထားပါသည်။

 

ယင်းရထားတွင် စက်ယန္တရားများ၊ အီလက်ထရွန်နစ်စက်ကိရိယာများ၊ မော်တော်ဆိုင်ကယ် စက်ကိရိယာများနှင့် အခြားကုန်ပစ္စည်းများ အပါအဝင် TEU(Transmission Extension Unit)60 ခု သယ်ဆောင်သွားပါသည်။ ယင်းရထားသည် ယူနန်ပြည်နယ် လင်ဆောင်း နယ်စပ်စခန်း ကနေ မြန်မာနိုင်ငံသို့ ထွက်ခွါသွားမည်ဖြစ်ပြီး ၁၅ ရက်ကြာပြီးနောက် မြန်မာနိုင်ငံ မန္တလေးမြို့သို့ ရောက်ရှိမည်ဖြစ်ပါသည်။