ကန် အင်ဒို-ပစိဖိတ်မဟာဗျူဟာဆိုသည်မှာ ရုံးနိမ့်သောမဟာဗျူဟာဖြစ်လိမ့်မည်ဟု ဝမ်ယိ ဆို

(GMT+08:00)2022-05-23 16:02:33  

မေလ ၂၂ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Bilawal Bhutto Zardariနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် Bilawal Bhutto Zardari နှင့်အတူ သတင်းထောက်များနှင့် တွေ့ဆုံခဲ့ပါသည်။

အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံကို ပိတ်ဆို့ရန် အင်ဒို-ပစိဖိတ် မဟာဗျူဟာကို အင်တိုက် အားတိုက် ဖြန့်ဖြူးနေခြင်းနှင့်ပတ်သက်၍ ဝမ်ယိက အမေရိကန်နိုင်ငံ၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အာရှ-ပစိဖိတ် နိုင်ငံအသီးသီးတို့၏ သတိထားမှုနှင့် စိုးရိမ်မကင်းဖြစ်မှုကို တိုးများလာစေကြောင်း၊ အမေရိကန်နိုင်ငံမှ ဖန်တီးသော အင်ဒို-ပစိဖိတ် မဟာဗျူဟာမှာ လွတ်လပ်မှုနှင့် တံခါးဖွင့်မှုကို အကြောင်းပြုပြီး အသိုင်းအဝိုင်းငယ်ကို အုပ်စုဖွဲ့ကာ တရုတ်နိုင်ငံ၏ ဘေးပတ်ဝန်းကျင်ကို ပြောင်းလဲရန် ပြောကြားလျက်ရှိကြောင်း၊ ၄င်း၏ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံကို ပိတ်ဆို့ပြီး အာရှ-ပစိဖိတ်နိုင်ငံများအား အမေရိကန်နိုင်ငံ ဗိုလ်ကျစိုးမိုးမှု ကျင့်သုံးရန် ရှေ့ပြေးသူများဖြစ်လာစေခြင်းဖြစ်ကြောင်း၊ အထူးအန္တရာယ်များစွာရှိခြင်းမှာ အမေရိကန်နိုင်ငံသည် အယောင်ဆောင်မှုကို ဖျက်သိမ်းပြီး ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်ကို အကြောင်းပြုကာ အခြားဒေသများအား အနှောင့်အယှက်ပေးပြီးနောက် အာရှ-ပစိဖိတ်ဒေသကိုလည်း အနှောင့်အယှက်ပေးရန် ကြံစည်နေခြင်းဖြစ်ကြောင်း၊ အင်ဒို-ပစိဖိတ်မဟာဗျူဟာဆိုသည်မှာ စင်စစ်အားဖြင့် သွေးခွဲမှုကို ဖန်တီးရန် မဟာဗျူဟာဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်မှုကို လှုံ့ဆော်ရန် မဟာဗျူဟာဖြစ်ကာ ငြိမ်းချမ်းရေးကို ထိခိုက်စေသော မဟာဗျူဟာဖြစ်သည်ဟု အဖြစ်မှန်ဖြင့် သက်သေပြနိုင်ကြောင်း၊ ၄င်းမဟာဗျူဟာကို မည်ကဲ့သို့ ဟန်ဆောင်သည်ဖြစ်စေ ရှုံးနိမ့်သော မဟာဗျူဟာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ စစ်အေးတိုက်ပွဲကို အာရှတိုက်တွင် ပြန်လည်ဆင်နွှဲရန် တစ်ပြားသားမှ ခွင့်မပြုဘဲ ကမ္ဘာပေါ်တွင် ဖြစ်ပွားနေသည့် ဆူပူလှုပ်ရှားမှုနှင့် စစ်ပွဲများကို အာရှဒေသတွင် ဖြစ်ပွားစေရန် တစ်ပြားသားမှ ခွင့်မပြုဟု ဒေသခံတို့က အမေရိကန်နိုင်ငံကို အလေးအနက် သတိပေးသင့်ကြောင်း ပြောကြားခဲ့ပါသည်။