အမေရိကန်၏ “အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင် (IPEF)”အပေါ် မေးခွန်း အမှတ်အသားကြီးတစ်ခု ထည့်သင့်ဟု ဝမ်ယိဆို

(GMT+08:00)2022-05-23 13:38:15  

ယခုလ ၂၂ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးBilawalနှင့် တွေ့ဆုံပြီးနောက် သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့သည်။ ဝမ်ယိက ဒေသတွင်းနိုင်ငံများကဲ့သို့ တရုတ်ပြည်အနေနှင့် ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွန်းအားပေးရေးအတွက် အကျိုးပြုသည့် အဆိုပြုချက် များကို တွေ့မြင်လိုကြောင်း၊ သို့သော် ခွဲထွက်ခုခံရေး ဖန်တီးရန် ကြံစည်ချက်များကို ကန့်ကွက်ကြောင်း၊ အမေရိကန်၏ “အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင် (IPEF)”သည် မည်သည့်အမျိုးအစား ဖြစ်သနည်းဆိုင်ရာ ပထမဦးစွာ မေးခွန်းအမှတ်အသားကြီးတစ်ခု ထည့်သင့်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။