ကမ္ဘာ့ကျန်းမာရေး ညီလာခံတွင် ထိုင်ဝမ်ပါဝင်ရေး ပြဿနာနှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဖော်ပြချက်

(GMT+08:00)2022-05-22 11:42:48  

၇၅ကြိမ်မြောက် ကမ္ဘာ့ ကျန်းမာရေး ည်ီလာခံကို ယခုလ ၂၂ရက်နေ့မှ ၂၈ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။ ထိုင်ဝမ် အာဏာပိုင် နိုင်ငံခြားရေးရာဌာနက ၄င်းည်ီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားချက် မရရှိခြင်း အပေါ် ဝမ်းနည်းမိကြောင်းနှင့် မကျေမနပ်ဖြစ်မိကြောင်း ဖော်ပြသည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝင်ပင်က တရုတ်ပြည် ထိုင်ဝမ်ဒေသက ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ လှုပ်ရှားပွဲများတွင် ပါဝင်ခြင်း ပြဿနာကို တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူ အရ ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ အတည်ပြု ဆုံးဖြတ်ချက် အမှတ် ၂၇၅၈နှင့် ကမ္ဘာ့ကျန်းမာရေး ညီလာခံမှ အတည်ပြု ဆုံးဖြတ်ချက် အမှတ် ၂၅့၁တို့သည် ၄င်းအခြေခံမူကို အတည်ပြုခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော် အချုပ်အခြာ အာဏာပိုင်နှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ခုခံကာကွယ်ရန်၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံနှင့် ကမ္ဘာ့ကျန်းမာရေး ညီလာခံမှ သက်ဆိုင်ရာ အတည်ပြုဆုံးဖြတ်ချက်၏ ဂုဏ်အာဏာနှင့် သြဇာအာဏာကို ထိန်းသိမ်းကာကွယ်ရန် အတွက် တရုတ်ပြည်သည် ယခုနှစ် ကမ္ဘာ့ ကျန်းမာရေး ညီလာခံသို့ ထိုင်ဝမ်ဒေသ တက်ရောက်ရန် သဘောမတူကြောင်း၊ တရုတ်ဘက်မှ ယင်းဆုံးဖြတ်ချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်းသည် ကျယ်ပြန့်စွာ သိရှိနားလည်ပြီး အားပေးထောက်ခံကြကြောင်း ပြောကြားသည်။