ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ဆဋ္ဌမမြောက် အုပ်ချုပ်ရေးမှူးအဖြစ် John Lee Ka chiu အား ခန့်အပ်ရန် တရုတ်နိုင်ငံတော်ကောင်စီ မျက်နှာစုံညီအစည်းအဝေးမှ ဆုံးဖြတ်

(GMT+08:00)2022-05-21 14:04:41  

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန် သည် ယခုလ ၂၀ ရက်နေ့က နိုင်ငံတော်ကောင်စီ သတ္တမအကြိမ် မျက်နှာစုံညီအစည်းအဝေးကို ဦးစီးကျင်းပြီး John Lee Ka chiu အား ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ဆဋ္ဌမမြောက် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ခန့်အပ်ရန်နှင့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် တရားဝင် စတင် တာဝန် ထမ်းဆောင်ရန် ဆုံးဖြတ်ခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။