အမေရိကန်သည် ကတိပြုသည့် အတိုင်း တကယ်တမ်း လုပ်ဆောင်ရန် မျှော်လင့်ဟု တရုတ်ဆို

(GMT+08:00)2022-05-21 14:12:53  

အမေရိကန် သမ္မတ ဘိုင်ဒင်၏ အာရှ ခရီးစဉ်နှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝင်ပင်က ယခုလ ၂၀ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန်သည် အာရှနှင့် ပစိဖိတ်ဒေသတွင် သွေးကွဲမှုနှင့် ခုခံယှဉ်ပြိုင်မှုကို မကြံစည်ရန်၊ မတည်မငြိမ် ဖြစ်မှုနှင့် ရုန်းရင်းဆန်ခတ်မှုကို မဖန်တီးရန် မျှော်လင့်ကြောင်း ပြောကြားသည်။

သမ္မတ ဘိုင်ဒင်၏ ယခုအကြိမ် အာရှ ခရီးစဉ်သည် တရုတ်ပြည်နှင့် ခုခံယှဉ်ပြိုင်ရန် မရည်ရွယ်ထားကြောင်း မကြာခင်က အမေရိကန် သမ္မတ၏ နိုင်ငံတော် လုံခြုံရေး လက်ထောက် ဆတ်လစ်ဗင်က ဖော်ပြသည်၊ တရုတ်ဘက်သည် ၄င်းဖော်ပြချက်ကို သတိပြုမိသည်ဟု ဝမ်းဝင်ပင်က ပြောကြားသည်။