ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြပွဲကြီး ဖြစ်ပွား

(GMT+08:00)2022-05-20 14:38:02  

ဒေသစံတော်ချိန် မေလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ရန်ကုန် မြို့တော်ခန်းမရှေ့တွင် အတိုင်းအတာကြီးမားသော ဆန္ဒပြပွဲကြီး ဖြစ်ပွားခဲ့ပါသည်။ ဆန္ဒပြပွဲစီစဉ်သူများက ထို့နေရာ၌ မိန့်ခွန်းပြောကြားရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံကြောင်း၊ ပြည်ပဝင်ရောက်စွက်ဖက်မှုကို ပြစ်တင်ရှုတ်ချကြောင်း ပြောကြား ခဲ့ပါသည်။ ထို့ဆန္ဒပြပွဲ အနီးတဝိုက်တွင် တပ်မတော်နှင့် ရဲအများအပြားက စည်းကမ်းထိန်းသိမ်းရန် ဆောင်ရွက်ကြပါသည်။