အဆက်အသွယ် ဖြတ်တောက်ခြင်း မဟုတ်ဘဲ ရောနှောပေါင်းစပ်ခြင်းကို စွဲကိုင်မှသာ ကမ္ဘာ့စီးပွားရေးသည် အကျပ်အတည်းမှ ရုန်းထွက်နိုင်မည်

(GMT+08:00)2022-05-20 14:34:54  

   ဒီလ ၁၈ ရက်နေ့က ကျင်းပခဲ့တဲ့ တရုတ် နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ နှစ် ၇၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ် အခမ်းအနားနဲ့ တစ်ကမ္ဘာလုံး ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ထိပ်သီး အစည်းအဝေးမှာ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က အတိုက်အခံ မဟုတ်ဘဲ ဆွေးနွေးခြင်းကို စွဲကိုင်ရမယ်၊ အကာနံရံ ထားရှိခြင်း မဟုတ်ဘဲ အကာနံရံကို ဖျက်ရမယ်၊ အဆက်အသွယ် ဖြတ်တောက်ခြင်း မဟုတ်ဘဲ ရောနှောပေါင်းစပ်ခြင်းကို စွဲကိုင် ရမယ်၊ အခြားသူများကို ဝိုင်းပယ်ခြင်း မဟုတ်ဘဲ သက်ညှာထောက်ထားခြင်းကို စွဲကိုင်ရမယ်၊ တရားမျှတမှုကို အတွေးအခေါ်အဖြစ်ထားပြီး နိုင်ငံတကာ စီမံခန့်ခွဲရေး စည်းစနစ် ပြုပြင်ပြောင်းလဲရေးကို ဦးဆောင်လမ်းပြပေးရမယ်လို့ ပြောကြားခဲ့ပါတယ်။

   စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်လျက် ကမ္ဘာ့စီးပွားရေးဟာ အကျပ်အတည်းမှ စောလျင်စွာ ဘယ်လို ရုန်းထွက်နိုင်မလဲ။ အဖြေကတော့ တရုတ်နိုင်ငံက အဆိုပြုချက် တင်ပြီး လက်တွေ့ဖေါ်ဆောင်နေတဲ့ “အဆက်အသွယ် ဖြတ်တောက်ခြင်း မဟုတ်ဘဲ ရောနှော ပေါင်းစပ်ခြင်းကို စွဲကိုင်ခြင်း” ပဲ ဖြစ်ပါတယ်။

   အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုမှသာ တားဆီးလို့မရတဲ့ ခေတ်ရေစီးကြောင်းဖြစ်ပြီး ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ပြန်လည် ရှင်သန်စေရေးဟာ ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူလာဖို့ အရေးကြီး အင်ဂျင် တွန်းအား ဖြစ်ပါတယ်။ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က မိန့်ခွန်းပြောကြားရာမှာ နိုင်ငံအသီးသီးအကြား မက္ကရို စီးပွားရေး မူဝါဒများ ညှိနှိုင်းခြင်းကို တိုးမြှင့်ရန်၊ နိုင်ငံတကာ ကုန်ထုတ်လုပ်မှုနဲ့ ကုန်စည်ဖြန့်ဖြူးမှု ကွင်းဆက်ရဲ့ လုံခြုံတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန်၊ ပူးပေါင်းဆောင်ရွက်ရေး ကိတ်မုန့်ကို ပိုမို ကြီးလာအောင် ပြုလုပ်ရန် စတဲ့ ဆောင်ရွက်ချက်များကို တင်ပြပြီး ရည်ရွယ်ချက် ကတော့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ပြန်လည် ရှင်သန်စေဖို့နဲ့ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို ဖေါ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။

တရုတ်ပြည်နဲ့ စီးပွားရေး အဆက်အသွယ် ဖြတ်တောက်ရင် အခွင့်အလမ်း အများအပြားကို ဆုံးရှုံးမည်သာ ဖြစ်ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်း ရေစီးကြောင်းကို တားမြစ်နိုင်မှာ မဟုတ်ဘဲ ရောနှောပေါင်းစပ်ရေး ရေစီးကြောင်းနဲ့အညီ ရှေ့ကို ချီတက် မှသာ သာယာသော အနာဂတ်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်တယ်လို့ China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။