ရှီကျင့်ဖိန်သည် အမိနိုင်ငံရောက် နန်ကင်းတက္ကသိုလ်မှ လူငယ် ပညာရှင်များအား စာပြန်

(GMT+08:00)2022-05-20 14:35:30  

ယခုလ ၁၈ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် နိုင်ငံခြား၌ ပညာလေ့လာဆည်းပူးပြီး အမိနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော နန်ကင်းတက္ကသိုလ်မှ လူငယ်ပညာရှင်များအား စာပြန်ခဲ့ပါသည်။

ယင်းစာထဲတွင် ရှီကျင့်ဖိန်က ခင်ဗျားတို့သည် လီစိကွမ်း၊ ချင်ခိုင်ကျာ စသည့် ဝါရင့် သိပံ္ပပညာရှင်များကို စံနမူနာ အဖြစ်ထားပြီး ပြည်ပ၌ ပညာလေ့လာဆည်းပူးမှုများ အပြီးမှာ အမိနိုင်ငံကို ပြန်လာပြီး သိပံ္ပနှင့် ပညာရေး လုပ်ငန်းများကို လုပ်ဆောင်၍ ကိုယ့်လုပ်ငန်း တာဝန် နေရာများ၌ အမိနိုင်ငံနှင့်ပြည်သူများအား အစွမ်းကုန် အကျိုးပြုနေကာ အောင်ကျိုး ရလဒ်များ ရရှိခဲ့ခြင်းကို မိမိ သိရပြီးနောက် လွန်စွာ ဝမ်းသာ ပါကြောင်း၊ ပညာတော်သင် များ၏ အမိနိုင်ငံအား အကျိုးပြုရေး ဂုဏ်ယူဖွယ်ရာ အစဉ်အလာကောင်း ထွန်းကား လာအောင် ဆောင်ရွက်ရန်၊ အမိနိုင်ငံနှင့် ပြည်သူများအား ဝန်ဆောင်မှုပေးရေးကို အသိရှိရှိဖြင့် ရည်မှန်းချက်အဖြစ်ထားရန်၊ အကျင့်တရားကို မူတည်ပြီး လူကောင်း လူတော်များအား မွေးထုတ်ရေး၊ သိပံ္ပနည်းပညာအရ ကိုယ့်ကိုယ်ကိုယ် အားကိုးခြင်းကို တွန်းအားပေးရေး စသည့် နယ်ပယ်များတွင် အောင်မြင်မှုအသစ် ရရှိနိုင်ရန်၊ ဆိုရှယ်လစ် ခေတ်မီနိုင်ငံ ဘက်စုံ တည်ဆောက်ရေးနှင့် တရုတ်အမျိုးသား မွန်မြတ်သောရှင်သန်ရေး အိပ်မက် ဖေါ်ဆောင်ရေးအတွက် ဉာဏ်အား၊ ကိုယ်အားဖြင့် အကျိုးပြု စွမ်းဆောင်နိုင်ရန် မျှော်လင့်ကြောင်း ရေးသားဖေါ်ပြထားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။