မင်္ဂလာပွဲလည်း ကျင်းပပေးနိုင်တဲ့ ရထား

(GMT+08:00)2022-05-20 14:46:08  

"စိတ်ကြိုက်အတိုင်း ဝန်ဆောင်မှုပေးနိုင်သော ရထား" သည် မေလ ၁၉ ရက်နေ့ကစပြီး တရုတ်ပြည်၌ စတင်ပြေးဆွဲခဲ့သည်။ ဤရထားသည် တည်းခိုမှု၊ အပန်းဖြေမှု၊ ဖျော်ဖြေမှု၊ ကျန်းမာရေး စစ်ဆေးခြင်း၊ ခရီးသွားလာခြင်းနှင့် အစည်းအဝေးကျင်းပခြင်း စသည့် ဝန်ဆောင်မှု အမျိုးမျိုးကိုပေးနိုင်ပြီး ခရီးသည်များ၏ တစ်ဦးချင်းလိုအပ်ချက်များအလျောက် မင်္ဂလာပွဲ ၊ ကျောင်းခရီးစဉ်၊ စီးပွားရေးဆိုင်ရာအခမ်းအနား စသည့် အထူးရထားတွဲပုံစံလည်း လုပ်ဆောင် ပေးနိုင်သည်ဟု သတင်းအရ သိရပါသည်။