ရှီကျင့်ဖိန်သည် BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် ဗီဒီယိုမိန့်ခွန်းပြောကြား

(GMT+08:00)2022-05-20 14:33:43  

မေလ ၁၉ ရက်က ကျင်းပသည့် BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်က ဗီဒီယိုမိန့်ခွန်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က အခြားနိုင်ငံများ၏ လုံခြုံရေးကို အသုံးချပြီး မိမိလုံခြုံရေးကို တစ်ဖက်သတ်လိုက်စားခြင်းသည် ပဋိပက္ခနှင့် အန္တရာယ် အသစ်ကိုသာ ဖြစ်စေမည်ဟု သမိုင်းနှင့် သရုပ်မှန်က ပြဆိုကြောင်း၊ ကမ္ဘာ၏ ဘေးကင်းရေးနှင့် လုံခြုံရေးကို မြှင့်တင်ရန်အတွက် ကျွန်ုပ်သည် မကြာသေးမီက တစ်ကမ္ဘာလုံး လုံခြုံရေးကမ်းလှမ်းချက်ကို တင်ပြခဲ့ကြောင်း၊ BRICS နိုင်ငံများအနေနှင့် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေပြီး နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စ များတွင် နီးကပ်စွာ ဆက်သွယ်ညှိနှိုင်းကာ အချင်းချင်း၏ အဓိကအကျိုးစီးပွားနှင့် အဓိကစိုးရိမ်ပူပန်မှုများကို ဂရုစိုက်၍ အချင်းချင်း၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားများကို ရိုသေလေးစားပြီး စစ်အေးတိုက်ပွဲ အတွေးအခေါ်နှင့် ထိပ်တိုက်ရင်ဆိုင်မှုကိုဆန့်ကျင်ကာ လူသားလုံခြုံရေးအသိုက်အဝန်းကို အတူ တည်ဆောက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။