တရုတ်နှင့် အရှေ့တီမော သံတမန်ဆက်ဆံရေးထားရှိသည့် နှစ်၂၀ ပြည့်မြောက်ခြင်း အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ အပြန်အလှန် ပေးပို့

(GMT+08:00)2022-05-20 14:44:52  

မေလ ၂၀ ရက်နေ့တွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့် အရှေ့တီမော သမ္မတအိုတာတို့သည် အရှေ့တီမော လွတ်လပ်ရေး ပြန်လည်ရရှိသည့် နှစ်၂၀ ပြည့်မြောက်ခြင်းနှင့် တရုတ်နှင့် အရှေ့တီမော သံတမန်ဆက်ဆံရေး ထားရှိသည့် နှစ်၂၀ ပြည့်မြောက်ခြင်းအတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ အပြန်အလှန်ပေးပို့ခဲ့ကြကြောင်း သတင်းအရ သိရပါသည်။

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်က မိမိသည် တရုတ်-အရှေ့တီမော ဆက်ဆံမှုကို လွန်စွာ အလေးထားပြီး တရုတ်-အရှေ့တီမော အိမ်နီးချင်းကောင်း ချစ်ကြည်ရေး၊ အပြန်အလှန် ယုံကြည်ပြီး အပြန်အလှန် အကျိုးရှိ စေသော ဘက်စုံပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု အဆင့်သစ်သို့ တိုးတက်ရန်၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးဆောင်ရန် သမ္မတအိုတာနှင့်အတူ လက်တွဲ ကြိုးပမ်းဆောင်ရွက်လိုကြောင်း ဖေါ်ပြပါသည်။

သမ္မတအိုတာက တရုတ်ပြည်၏ ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်း တည်ငြိမ်ရေးအတွက် အကျိုးပြုစွမ်းဆောင်မှုကို အရှေ့တီမောက ချီးကျူးပြီး အရှေ့တီမော ပြည်တွင်းတည်ဆောက်ရေးတွင် တရုတ်ပြည်၏ ထောက်ခံမှုများအတွက်လည်း ကျေးဇူးတင်ကြောင်း၊ အရှေ့တီမောသည် တရုတ်နိုင်ငံနှင့် ပြတ်သားစွာ စည်းလုံး ညီညွတ်ပြီး နှစ်ဖက်ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်မည်ဖြစ်ကြောင်း ဖေါ်ပြပါသည်။