ရှီကျင့်ဖိန်သည် BRICS နိုင်ငံရေးပါတီများ၊ တတ်သိပညာရှင်များအဖွဲ့နှင့် အရပ်ဖက် အဖွဲ့အစည်းဖိုရမ်သို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2022-05-20 14:33:06  

BRICS နိုင်ငံရေးပါတီများ၊ တတ်သိပညာရှင်များအဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်ကို မေလ ၁၉ ရက်က ပီကင်းတွင် ဗီဒီယိုပုံစံဖြင့် ဖွင့်လှစ်ခဲ့သည်။ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖိုရမ်သို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်က လက်ရှိတွင် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမှုသည် အားနည်းနေပြီး ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် ကျယ်ပြန့်လာကာ ရာသီဥတုပြောင်းလဲမှုနှင့် ဒစ်ဂျစ်တယ် စီမံအုပ်ချုပ်မှုစသည့် စိန်ခေါ်မှုများမှာ ပြင်းထန်နေကြောင်း၊ တရုတ်နိုင်ငံသည် BRICS အပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် လက်တွဲပြီး ကုလသမဂ္ဂ၏ ၂၀၃၀ ဆက်တိုက် ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်ကို ဖေါ်ဆောင်ရန် အရှိန်အဟုန်မြှင့်ကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကမ်းလှမ်းချက်ကို တွန်းအားပေးလိုကြောင်း ဖေါ်ပြပါသည်။