မည်သည့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်မဆို ဒေသတွင်း နိုင်ငံများအကြား အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သင့်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2022-05-20 14:41:34  

အမေရိကန်သမ္မတ ဘိုင်ဒန်၏ ဂျပန်၊ တောင်ကိုရီးယားခရီးစဉ် အတောအတွင်း အိန္ဒိယ-ပစိဖိတ် စီးပွားရေးမူဘောင် တင်ပြနိုင်ဖွယ်ရာနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူကျောက်လိကျန်းက မည်သည့် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု မူဘောင်မဆို ဒေသတွင်းနိုင်ငံများအကြား အပြန်အလှန် ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သင့်ကြောင်း၊ အမေရိကန်-ဂျပန် ဆက်ဆံမှုသည် တတိယဘက်ကို ရည်ညွှန်းခြင်း သို့မဟုတ် တတိယဘက်၏ အကျိုးစီးပွားကို ထိခိုက်ခြင်းမရှိသင့်ဟု ယူဆကြောင်း မေလ ၁၉ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။