ရန်ကုန်မြို့၌ ပေါက်ကွဲမှုနှင့် သေနတ်ပစ်ခတ်မှု ဖြစ်ပွား

(GMT+08:00)2022-05-20 14:36:24  

ဒေသစံတော်ချိန် မေလ ၂၀ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၄၀ ခန့်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ ပြည်လမ်း ၈ မိုင် လမ်းဆုံနေရာ၌ ပေါက်ကွဲမှုနှင့် သေနတ်ပစ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်း၊ ထို့နောက် အနီးအနားရှိ လမ်းဆုံနေရာများကို စစ်တပ်နှင့်ရဲများက ပိတ်ဆို့ထားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

အနီးအနား၌ နေထိုင်သော ဒေသခံများက ပေါက်ကွဲသံနှင့် တစ်မိနစ်ခန့်ကြာသော သေနတ်ပစ်သံကို ကြားခဲ့ရကြောင်း၊ ယင်းအချိန်သည် ရုံးတက်ချိန် ဖြစ်သဖြင့် ယာဉ်ကြောပိတ်ဆို့မှုလည်း ဖြစ်စေခဲ့ကြောင်း ပြောဆိုခဲ့ပါသည်။