ဟွမ်ယုံယွီ၏ သစ်ထွင်းပန်းချီကားများထဲမှ လူ့ဘဝ

(GMT+08:00)2022-05-20 10:50:02  

သစ်ထွင်းပန်းချီအပေါ် နက်ရှိုင်းသော သံယောဇဉ်ရှိခြင်းနှင့် လက်ရာမြောက်ခြင်းကြောင့် တရုတ် နာမည်ကျော်သစ်ထွင်းပန်းချီဆရာ ဟွမ်ယုံယွီသည် မိမိမှ လူ့အပေါ်၊ ဘဝအပေါ်၊ ခေတ်အပေါ် ထိတွေ့ခံစားချက်များအား သစ်တွင် ထွင်းထားပါသည်။

၂၀၂၀ ပြည့်နှစ် သြဂုတ်လက ဟွမ်ယုံယွီ၏ ပထမဆုံးအကြိမ် သစ်ထွင်းပန်းချီပြပွဲကို ပီကင်း ပန်းချီဌာန ပန်းချီပန်းပုပြတိုက်တွင် ကျင်းပခဲ့ပါသည်။ ၂ နှစ်ကြာပြီးနောက် ၂၀၂၂ ခုနှစ် မေလ ၁၈ ရက်နေ့ နိုင်ငံတကာပြတိုက်နေ့တွင် ဆူကျိုးပြတိုက်တွင် ဟွမ်ယုံယွီ၏ ဒုတိယအကြိမ် သစ်ထွင်းပန်းချီပြပွဲကို ကျင်းပခဲ့ပါသည်။ ပြပွဲတွင် လွန်ခဲ့သည့် ၂၀ ရာစု၊ ၄၀ စုနှစ်ပိုင်းမှ ၉၀ စုနှစ်ပိုင်းအထိ ဟွမ်ယုံယွီမှ ဝတ္ထု၊ ကဗျာ၊ ပုံပြင်စသည့် ဂန္ထဝင်စာပေလက်ရာများအတွက် ရေးဆွဲသော သရုပ်ဖော်ပန်းချီကားများ၊ ပုံတူရုပ်ပန်းချီကားများနှင့် တရုတ်နိုင်ငံ၏ လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးကို ပုံဖော်သော ဂန္ထဝင်လက်ရာများ အပါအဝင် သစ်ထွင်းပန်းချီကား ၇၈ ချပ်ကို ပြသခဲ့ပါသည်။