ဝမ်ယိသည် BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကြီးမှူးကျင်းပ

(GMT+08:00)2022-05-20 14:39:44  

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မေလ ၁၉ ရက်နေ့ ညက ပေကျင်း၌ BRICS နိုင်ငံခြားရေးဝန်ကြီးများဗီဒီယိုအစည်းအဝေးကို ကြီးမှူးကျင်းခဲ့ကြောင်း၊  တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီး Pandor၊ ဘရာဇီးနိုင်ငံခြားရေးဝန်ကြီး Franza၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov နှင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Jaishankar တို့ တက်ရောက်ခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

     ယခုအကြိမ်အစည်းအဝေးတွင် ရှေးဦးစွာ ဥက္ကဋ္ဌရှီကျင့်ဖိန်၏ မိန့်ခွန်းဗီဒီယိုကို ပြသခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးတို့က ယူကရိန်းနှင့် အာဖဂန် အပါအဝင် ဒေသတွင်း အရေးကိစ္စများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ယခုအကြိမ် အစည်းအဝေးတွင် “နိုင်ငံတကာ အခြေအနေ ထူးခြားချက်စိန်ခေါ်မှုသစ်များကို ရင်ဆိုင်ဖြေရှင်းပြီး BRICS ၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ခြင်း” ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပါသည်။