ယန်ကျယ်ချီသည် ဖိတ်ကြားချက်အရ ကန်သမ္မတ၏ နိုင်ငံတော်လုံခြုံရေးလက်ထောက်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2022-05-19 11:30:37  

မေလ ၁၈ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာလုပ်ငန်းကော်မတီရုံး ဥက္ကဋ္ဌ ယန်ကျယ်ချီသည် ဖိတ်ကြားချက်အရ အမေရိကန် သမ္မတ၏ နိုင်ငံတော်လုံခြုံရေး လက်ထောက် ရှာလီဝင် နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပါသည်။

ယန်ကျယ်ချီက တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့် အမေရိကန်သမ္မတ ဘိုင်ဒင် တို့သည် နှစ်နိုင်ငံဆက်ဆံမှုနှင့်ပတ်သက်၍ အရေးကြီးသဘောတူညီချက်ရရှိခဲ့ပြီး နှစ်ဖက်တို့အနေနှင့် လက်တွေ့ကျကျ ဆောင်ရွက်သင့်ကြောင်း၊ လွန်ခဲ့သည့်အချိန်ကာလ တွင် အမေရိကန်က တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် တရုတ်ပြည်၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်သည့် မှားယွင်းသော ပြောဆိုဆောင်ရွက်ချက်များကို ပြုလုပ်ခဲ့သောကြောင့် တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ပြီး အားကောင်းစွာ တုံ့ပြန်ဆောင်ရွက်မှုပြုလုပ်ခဲ့ကြောင်း၊ တရုတ်-အမေရိကန်ဆက်ဆံမှု ပုံမှန် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်သည့် မှန်ကန်သော လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရန်အတွက် အမေရိကန်က ပြောသည့်အတိုင်း လုပ်ဆောင်သင့်ကြောင်း ဖော်ပြပါသည်။

၎င်းတို့သည် ယူကရိန်း၊ ကိုရီးယားကျွန်းဆွယ်အခြေအနေ စသည့် ဒေသဆိုင်ရာနှင့် နိုင်ငံတကာ ကိစ္စရပ်များနှင့်ပတ်သက်၍လည်း အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။