ရှီကျင့်ဖိန်နှင့် နယ်သာလန်ဘုရင်တို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထားရှိခြင်း နှစ် ၅၀ ပြည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ အပြန်အလှန်ပေးပို့

(GMT+08:00)2022-05-19 13:03:12  

မေလ ၁၈ ရက်နေ့တွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် နယ်သာလန်ဘုရင် Willem Alexander တို့သည် နှစ်နိုင်ငံသံအမတ်ကြီးအဆင့် သံတမန်ဆက်ဆံရေး ထားရှိခြင်း နှစ် ၅၀ ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ များကို အပြန်အလှန်ပေးပို့ကြပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် နယ်သာလန်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထားရှိပြီးနောက် နှစ်ဖက်တို့၏ ကြိုးပမ်းမှုဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး စဉ်ဆက်မပြတ်တိုးတက်လာပြီး နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများတွင် အောင်ကျိုးရလဒ်များစွာ ရရှိကြောင်း၊ မိမိသည် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုကို အလွန်အလေးထားပြီး နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်တည်ငြိမ်စွာ ဆက်တိုက် တိုးတက်စေပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုပြုရန် ဘုရင်နှင့်အတူ ကြိုးပမ်း ဆောင်ရွက်လိုကြောင်း ဖေါ်ပြခဲ့ပါသည်။

Willem Alexander က လွန်ခဲ့သည့် နှစ် ၅၀ အတွင်း နယ်သာလန်နှင့် တရုတ်နှစ်နိုင်ငံ ဆက်ဆံရေးသည် ရှင်သန်စွာ တိုးတက်လာပြီး စီးပွားကုန်သွယ်ရေး၊ လူမှုရေးစသည့် နယ်ပယ်များတွင် ကူးလူးဖလှယ်မှုများပြားပါကြောင်း၊ နှစ်ဖက်တို့၏ ကြိုးပမ်းမှုဖြင့် နှစ်နိုင်ငံကြား အောင်ကျိုးရလဒ်များစွာရရှိသော ဆက်ဆံရေးသည် တစ်ဆင့်တိုး ခိုင်ခံ့ တိုးတက်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုနေ့တွင်ပင် တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်နှင့် နယ်သာလန် ဝန်ကြီးချုပ် Mark Rutte တို့က ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို အပြန်အလှန် ပေးပို့ကြပါသည်။