ပြင်သစ်ဝန်ကြီးချုပ်သစ် ဘိုလ်နယ်အား တရုတ်ဝန်ကြီးချုပ် လီခေ့ချန် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2022-05-19 13:14:50  

မေလ ၁၈ ရက်နေ့က တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ပြင်သစ် ဝန်ကြီးချုပ်သစ် အယ်လီဆာဘက်စ်-ဘိုနယ်အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ပြီး ၄င်းက ပြင်သစ် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ခြင်းကို ထောမနာ ပြုခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

လီခေ့ချန်က လွန်ခဲ့သည့် နှစ်များအတွင်း တရုတ်-ပြင်သစ် ဆက်ဆံမှုသည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး စီးပွား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနှင့် ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှု ယဉ်ကျေးမှု စသည့် နယ်ပယ်များမှ ပူးပေါင်း ဆောင်ရွက်မှုနှင့် ကူးလူးဖလှယ်မှုများ ဆက်လက် နက်ရှိုင်း လာ၍ ကိုဗစ်-၁၉ ရောဂါ၊ ရာသီဥတုပြောင်းလဲမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း ကာကွယ်ရေး စသည့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို လက်တွဲရင်ဆိုင်ဖြေရှင်းကြကာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများအား အကျိုးဆောင်ပေးသည့်အပြင် ကမ္ဘာ့ ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် စည်ပင်သာယာဝပြောရေးအတွက်လည်း အကျိုးဆောင်နေကြောင်း ဖေါ်ပြပါသည်။