အဲဒီ တရုတ်သက်ကြီးဘိုးဘွားတွေက တကယ်တော်တာပဲ။

(GMT+08:00)2022-05-19 12:36:19  

ဘိုးဘိုးဘွားဘွားတွေက သူတို့ရဲ့အထူးစွမ်းရည်ကို လုပ်ပြတယ်ဆိုတော့ လူငယ် ကလေးတွေက အရှုံးကိုသာခံရမယ်။ ကြည့်… တရုတ်ကွမ်ကျိုးမြို့ရှိ ဆံပင်တောင်ဖြူ ပြီ ဖြစ်တဲ့အသက် ၇၀ ကျော်ဘွားဘွားတစ်ဦးက အားကစားလေ့ကျင့်ခန်းမှာ up-down ၂၀ ကျော်ကို လွယ်လွယ်လေး လုပ်ပြခဲ့တယ်။ တရုတ်ရှီးအန်းမြို့ရှိ အသက် ၈၀ ကျော် ဘိုးဘိုးတစ်ဦးက အပြေးအားကစားနဲ့ ပြေးတာ ၁၀ နှစ်ကျော်ရှိပြီး မီတာ ၄၀၀ ကိုပြေးဖို့ တစ်မိနစ် ၂၄ စက္ကန့်ပဲလိုတယ်။ အသက် ၇၀ ကျော်ရှိ ဘွားဘွားတစ်ယောက်က ၃ လအတွင်း ၂၈ ပေါင်လောက် ဝိတ်လျော့သွားတယ်။

“ကွန်ဖူးအဘွား”ဖြစ်တဲ့ အသက် ၉၀ ကျော်အရွယ်ရှိ ဘွားဘွားတစ်ဦးက “ကွန်ဖူးပြိုင်ပွဲ”မှာ ဒိုင်လူကြီး ဖြစ်သွားပြီ။ မိုက်လွန်းတယ်ကွာ။