ဝမ်ယိသည် BRICS နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲကို ကြီးမှူး ကျင်းပမည်

(GMT+08:00)2022-05-19 10:25:22  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က BRICS နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲကို မေလ ၁၉ ရက်နေ့တွင် ဗီဒီယိုပုံစံဖြင့် ကျင်းပမည် ဖြစ်ပြီး တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အစည်းအဝေးကို ကြီးမှူး ကျင်းပမည်ဖြစ်၍ တောင်အာဖရိက နိုင်ငံခြားရေး ဝန်ကြီး၊ ဘရာဇီး နိုင်ငံခြားရေး ဝန်ကြီး၊ ရုရှားနိုင်ငံခြားရေး ဝန်ကြီး၊ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးတို့သည် အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း၊ ယင်းအတောအတွင်း BRICS နိုင်ငံခြားရေး ဝန်ကြီးများ သည် “BRICS+” အသွင်ပုံစံဖြင့် ထွန်းသစ်စ ဈေးကွက် နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့်လည်း ဆွေးနွေးပွဲ ပြုလုပ်မည် ဖြစ်ကြောင်း ယခုလ ၁၈ ရက်နေ့က ကြေညာခဲ့ပါသည်။