ဂျပန်-အမေရိကန် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုသည် ထိပ်တိုက်ရင်ဆိုင်မှုကို မနှိုးဆော်သင့်ဟု ဝမ်ယိဆို

(GMT+08:00)2022-05-19 13:10:04  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ယခုလ ၁၈ ရက်နေ့တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှီယိုရှီမာဇာနှင့် ဗီဒီယိုတွေ့ဆုံမှုပြုလုပ်ရာတွင် ဂျပန်၊အမေရိကန်တို့၏ တရုတ်နိုင်ငံဆိုင်ရာ အပျက်သဘောဆောင်သော လှုပ်ရှားမှုများနှင့်ပတ်သက်၍ ၎င်း၏ သဘောထားကို ပြောကြားခဲ့ပါသည်။ ဝမ်ယိက အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျ လေးပွင့်ဆိုင်ယန္တရား ထိပ်သီးဆွေးနွေးပွဲကို ဂျပန်ဘက်မှ မကြာမီ လက်ခံကျင်းပတော့မည်ဖြစ်ကြောင်း၊ ဂျပန်နှင့်အမေရိကန်တို့သည် မဟာမိတ်များ ဖြစ်ကြပြီး တရုတ်နှင့်ဂျပန်တို့သည် ငြိမ်းချမ်းရေးနှင့်ချစ်ကြည်ရေးစာချုပ်ကို ချုပ်ဆိုခဲ့ကြကြောင်း၊ ဂျပန်-အမေရိကန် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုသည် ထိပ်တိုက်ရင်ဆိုင်မှုကို မနှိုးဆော်သင့်ရုံသာမက တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားတို့ကိုလည်း မထိခိုက် သင့်ကြောင်း၊ ဂျပန်ဘက်မှ သမိုင်းကြောင်းမှ သင်ခန်းစာယူပြီး ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အာရုံစိုက်ကာ ချင့်ချင့်ချိန်ချိန် လုပ်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။