ကန်မှ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အယူအဆ အလွဲသုံးစားပြုပြီး အထူးသတ်မှတ်ထားသော နိုင်ငံနှင့် လုပ်ငန်းများအား ဖိနှိပ်ခြင်းကို တရုတ် ဆန့်ကျင်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2022-05-18 15:08:10  

အမေရိကန်နိုင်ငံသည် ကုန်ပစ္စည်းတင်ပို့ရောင်းချရေးဆိုင်ရာ သတ်မှတ်ချက်ကို ချိုးဖောက်သော လုပ်ငန်းများအား အရေးယူမှုတိုးချဲ့ပြုလုပ်မည်ဟူသော ရေးသားဖော်ပြချက်နှင့်ပတ်သက်၍ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က အမေရိကန်နိုင်ငံ၏ သက်ဆိုင်ရာလုပ်ရပ်မှာ ဈေးကွက်စီးပွားရေးမူနှင့် နိုင်ငံတကာကုန်သွယ်ရေးစည်းကမ်းကို ချိုးဖောက်ပြီး နိုင်ငံတကာ              ကုန်ထုတ်လုပ်မှုကွင်းဆက်နှင့် ဖြန့်ဖြူးမှုကွင်းဆက် လုံခြုံရေးကို ထိခိုက်သဖြင့် သူနာကိုယ်နာမှာ သေချာကြောင်း မေလ ၁၇ ရက်နေ့က ပြောကြားခဲ့ပါသည်။

မေလ ၁၇ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က အမေရိကန်နိုင်ငံမှ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အယူအဆနှင့် နိုင်ငံတော်အင်အားကို အလွဲသုံးစားပြုပြီး အထူးသတ်မှတ်ထားသော နိုင်ငံနှင့် လုပ်ငန်းများအား အကြောင်းမဲ့ဖိနှိပ်ခြင်းလုပ်ရပ်ကို တရုတ်နိုင်ငံအနေဖြင့် အစဉ်တစိုက် ဆန့်ကျင်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။