ပင်လယ်ထဲသို့ နျူကလီးယားရေညစ် စွန်လွှတ်ရေးဆိုသည့် မှားယွင်းသောဆုံးဖြတ်ချက် ကို ဖျက်သိမ်းရန် ဂျပန်အား တရုတ် ထပ်မံတိုက်တွန်း

(GMT+08:00)2022-05-18 15:11:23  

   ယမန်နေ့ ၁၇ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဂျပန်အနေနှင့် နိုင်ငံတကာမိသားစုကြီး နှင့် ဂျပန်ပြည်သူများ၏ တရားနည်းလမ်းမှန်ကန်သည့် အာရုံစူးစိုက်မှုကို အလေးထားပြီး ပင်လယ်ထဲသို့ နျူကလီးယားရေညစ်ထုတ်လွှတ်ရေးဆိုသည့် မှားယွင်းသောဆုံးဖြတ်ချက် ကို ရုပ်သိမ်းကာ သက်ဆိုင်ရာ ပြင်ဆင်ရေးလုပ်ငန်းများကို ရပ်တန့်ပြီး နိုင်ငံတကာ တာဝန်ဝတ္တရားများကို ထိရောက်တိကျစွာ ပြုလုပ်ရန် တရုတ်ပြည်က ထပ်မံတိုက်တွန်းကြောင်း ဖော်ပြခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

    မကြာသေးခင်က ဂျပန် တိုကျို လျှပ်စစ်ဓါတ်အား ကုမ္ပဏီက ဖူကူရှီမာနျူကလီးယား လျှပ်စစ်ဓါတ်အားပေး စက်ရုံ အမှတ် ၁နှင့် ၁ ကီလိုမီတာ ကွာဝေးသော ပင်လယ်ရေ အောက် ကမ်းခြေတူးဖော်ရေးလုပ်ငန်းများကို စတင်ခဲ့ပြီး နျူကလီးယားရေညစ်ကို စွန့်လွှတ်ရန် ပိုက်လိုင်းတည်ဆောက်ရေးအတွက် ပြင်ဆင်နေသည်ဟု သတင်းရရှိပါသည်။ ဝမ်ဝင်ပင်က ယင်းသတင်းကို တရုတ်ပြည်က သတိပြုမိပြီး လွန်စွာ အလေးထားကြောင်း ဖော်ပြပါသည်။