မြန်မာနိုင်ငံသို့ RCEP မူလထုတ်လုပ်ဒေသ အထောက်အထား လက်မှတ်ကို တရုတ် ကျန်းရှီး ထုတ်ပေး

(GMT+08:00)2022-05-18 14:28:43  

မကြာခင်ရက်များက တရုတ်နိုင်ငံ၊ ကျန်းရှီးပြည်နယ် နန်ချောင်း အကောက်ခွန်ဌာနသည် ကျန်းရှီးပြည်နယ်မှ မြန်မာနိုင်ငံသို့ ပထမဆုံး RCEP မူလထုတ်လုပ်ဒေသ အထောက်အထားလက်မှတ်ကို ထုတ်ပေးခဲ့ပါသည်။ ဤလက်မှတ်၏ အဓိကထုတ်ကုန်များမှာ ကျန်းရှီးပြည်နာ် Sanxin MedtecCo.,Ltd ထုတ် တစ်ခါသုံး ဆေးထိုးအပ်များနှင့် အခြား ဆေးဘက် ဆိုင်ရာ ပစ္စည်းများဖြစ်ကာ ဗီဇာဆိုင်ရာ ငွေကြေးပမာဏမှာ တရုတ်ယွမ်ငွေ ၂၉၀၀၀၀ ခန့်ရှိပြီး တင်သွင်းမည့်နိုင်ငံမှ တရုတ်ယွမ်ငွေ ၄၃၀၀ ခန့် အကောက်ခွန်လျှော့ချခြင်းကို ခံစားရမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။