အချစ်စစ်တို့၏ခိုနားရာအချစ်ရပ်ဝန်း(အပိုင်း-၆)

(GMT+08:00)2022-05-17 20:51:27  

          ရုပ်ချောပြီးဆွဲဆောင်မှုအပြည့်ရှိသလို စာအသင်ပြကောင်းသူ ပါမောက္ခဟွာနဲ့ အင်ဂျင်နီယာ ဘာသာရပ်က တက္ကသိုလ်ကျောင်းသားတွေ ရှီးဇန့်မှာ ဖောက်လုပ်မယ့် ရထားလမ်း Project ကိုအကြောင်း ပြုပြီး ထိတွေ့မှု များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ထူးခြားဆန်းပြားမှုက ကျောင်းသူ မုရှောင်ကျန်းနဲ့ ပါမောက္ခဟွာ တို့မှာ တူညီတဲ့ အိပ်မက် မြင်မက်နေကြပါတယ်။ ပထမအစမှာ တူညီတဲ့ အိပ်မက်တစ်ခုကို သူတို့နှစ်ဦးလုံး မြင်မက်နေကြတယ်ဆိုတာ မသိကြပါဘူး။ သူတို့နှစ်ယောက်တူညီစွာ မက်ကြတဲ့ အိပ်မက်က ရှီးဇန့်ဒေသရဲ့ ထင်ရှားကျော်ကြားတဲ့ ချစ်ဇာတ်လမ်းပုံပြင်တစ်ပုဒ်ဖြစ်တဲ့ မင်းသမီးဝမ်ချန်းနဲ့ တန်ဘုရင်တို့ရဲ့ ချစ်ဇာတ်လမ်း အကြောင်းရာပါပဲ။ တစ်နေ့ လပြည့်ညတစ်ညမှာ ကျောင်းသူမုရှောင်ကျန်း ပါမောက္ခဟွာ ရုံးခန်းထဲ ၀င်ရောက် သွားပြီးနောက်မှာ တူညီတဲ့အိပ်မက်တစ်ခုကို သူတို့နှစ်ယောက် အိပ်မက်အဖြစ် မြင်မက်နေကြတယ်ဆိုတာ တစ်ဦးနဲ့တစ်ဦး သိသွားကြပါတယ်။ ရှီးဇန့်မှာ ဖောက်လုပ်မယ့် ရထားလမ်း Project လူရွေးပွဲမှာ ပါမောက္ခဟွာက ကျောင်းသူမုရှောင်းကျန်းကို တိုက်စစ်ဆင်တဲ့ မေးခွန်းတွေ တောက်လျှောက်မေးခဲ့ပါတယ်။ ဒီ လူရွေးပွဲမှာ ကျောင်းသူမုရှောင်းကျန်းက ရှီးဇန့်ဒေသကို သူမ ငယ်ငယ်ကတည်းက ရောက်ဖူးတဲ့အကြောင်းကို ပြောပြရင်း ကွဲကွာနေတဲ့ အမေနဲ့မောင်လေးကို ရှီးဇန့်မှာ ရှာချင်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ ပြီးတော့ ရှီးဇန့်နဲ့ပတ်သက်တဲ့ သူမရဲ့ လေ့လာထားမှုတွေကို ပါမောက္ခတွေအားလုံးရှေ့မှာ အရည်အချင်းထုတ်ပြီး ပြသခဲ့ပါတယ်။ ရှီးဇန့်ကို မသွားခင်တစ်ရက် ပါမောက္ခဟွာက ကျောင်းသူမုရှောင်ကျန်းကို သူ့အခန်း လာတွေ့ဖို့ ခေါ်ခဲ့ပါတယ်။ အဲ့ဒီနေ့မှာ သူတို့နှစ်ယောက်ရဲ့ တူညီတဲ့အိပ်မက်ကို နှစ်ဦးသား ပြောပြကြရင်း နှစ်ဦးသား ပိုပြီး ရင်းနှီးမှု ရလာခဲ့ပါတယ်။ နှစ်ဦးသားတွေ့ဆုံချိန်မှာ ထိန်းမရတဲ့ရင်ခုန်သံတွေကြား ပါမောက္ခဟွာက ကျောင်းသူမုရှောင်ကျန်းကို စိတ်ဝင်စားမှု၊ ဂရုစိုက်မှုတွေ မသိမသာ ပြလာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ထဲမှာ စိတ်ဝင်စားကြပေမယ့် လက်တွေ့မှာ သူတို့ရဲ့ အချစ်ကို ခပ်ရဲရဲ ဘယ်သူမှ ထုတ်ဖော်မပြကြပါဘူး။ ဒီလိုနဲ့ သူတို့တွေ ရှီးဇန့်မှာ ၆ လကြာအောင် ရထားလမ်း ဖောက်လုပ်ရေး Project မှာ အားသွန်ခွန်စိုက် ကြိုးစားခဲ့ကြပြီးနောက် တရုတ်အမျိုးသားအောင်ပွဲနေ့ ပိတ်ရက်မှာ ကျောင်းသူ မုရှောင်ကျန်းနဲ့ ပါမောက္ခဟွာတို့ တစ်ယောက်နဲ့ တစ်ယောက် ကြိုတင်ချိန်းဆိုမထားကြဘဲနဲ့ အိပ်မက်ထဲက အတိုင်း အိပ်မက်ထဲကနေရာမှာ အိပ်မက်ထဲမှာ ပြောတဲ့စကားတွေအတိုင်း လိုက်ပါလုပ်ဆောင်ရင်း အပြင်မှာ ဆုံတွေ့ခဲ့ကြပါတော့တယ်။ ဒီတစ်ခါတော့ သူတို့ရဲ့အချစ်ကို သူတို့နှစ်ယောက် အတည်ပြုခဲ့ကြပါတော့တယ်။ ရှီးဇန့်ဟာ သူတို့ဘ၀ အဆက်ဆက် သူတို့ရဲ့အချစ်တွေ ခိုနားရာ အချစ်ရပ်ဝန်းအဖြစ် သူတို့ အတည်ပြုလိုက် ကြပါတော့တယ်။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ သူတို့နှစ်ဦးမှာ သမီးလေးနဲ့သာေးလးတစ်ဦး မွေးဖွားလာပြီး သူတို့မိသားစုလည်း ရှီးဇန့်မှာပဲ ပျော်ရွှင်စွာ နေထိုင်ဖြတ်သန်းကြတဲ့ အကြောင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တကယ်ဖြစ်ပျက်ခဲ့တဲ့ ရှီးဇန့်ရဲ့နာမည်ကျော် ချစ်ပုံပြင်တစ်ပုဒ်ကို အခြေခံပြီး ရှီးဇန့်ရဲ့ နှစ် ၇၀ ကြာ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက်ပိုင်း လူမှုဘ၀ နေထိုင်မှုစနစ်နဲ့ သဘာဝ ဂေဟစနစ် ထိန်းသိမ်းမှု အားကောင်းလာပုံတွေကို ချစ်စဖွယ်၊ စိတ်ဝင်းစားဖွယ်၊ ဇာတ်လမ်းသဘောအရ လျှို့ဝှက်သဲဖိုဆန်ဆန် ရှေ့ဆက်ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ သိချင်လာအောင် ဆွဲဆောင်မှု ကောင်းကောင်း ဇာတ်လမ်းဆင် ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို နားဆင်ခံစားရုံနဲ့ ရှီးဇန့်ကို ပိုမိုသိရှိပြီး ရှီးဇန့်လူမှုဘ၀ကို စိတ်ဝင်စားမှု ပိုမိုရရှိစေပါမယ်။