ဂျီ-၇ နိုင်ငံအုပ်စုသည် တရုတ်အကြောင်းအရာဆိုင်ရာ စာတမ်းထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ တရုတ် တုံ့ပြန်

(GMT+08:00)2022-05-17 16:36:08  

ဂျီ-၇ နိုင်ငံအုပ်စုသည် တရုတ်အကြောင်းအရာဆိုင်ရာ စာတမ်းထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ယင်းစာတမ်းသည် တရုတ်ပြည်၏ တည်ကြည်လေးနက်သော ရပ်တည်ချက်နှင့် အဖြစ်မှန်များကို လျစ်လျူရှုပြီး တရုတ် ပြည်တွင်းရေးရားများကို ကြမ်းတမ်းစွာ ဝင်ရောက် စွက်ဖက်ကာ တရုတ်ပြည်အား သရုပ်ပျက်အောင် တမင်သက်သက် လုပ်ဆောင်ကာ ယူကရိန်း-ရုရှားအချင်းပွားမှုကို ထပ်မံ အသုံးပြုပြီး တရုတ်ပြည်အား ဖိနှိမ့်ကြောင်း၊ သက်ဆိုင်ရာ ပြောဆိုချက်များသည် ယုတ္တိမရှိသည့် စကားပင်ဖြစ်ပြီး တုံ့ပြန်ရန် မထိုက်တန်ကြောင်း ယမန်နေ့ ၁၆ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

မေလ ၁၄ ရက်နေ့က ဂျီ-၇ နိုင်ငံအုပ်စုသည် ပူးတွဲကြေညာစာတမ်းတစ်ရပ် ထုတ်ပြန်ခဲ့ရာ ဟောင်ကောင်၊ ရှင်းကျန်း၊ လူ့အခွင့်အရေး၊ အဏ္ဏဝါရေးရာ၊ ယူကရိန်းအခြေအနေနှင့် ထိုင်ဝမ် ရေလက်ကြား အေးချမ်းတည်ငြိမ်မှုအပါအဝင် တရုတ်နိုင်ငံဆိုင်ရာ အကြောင်းအရာများကို ရေးသားဖော်ပြပါသည်။