ဝမ်ယိသည် တောင်ကိုရီးယားနိုင်ငံမှ အသစ်ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီး Park Jin နှင့် ဗီဒီယို တွေ့ဆုံမှု ပြုလုပ်

(GMT+08:00)2022-05-17 16:24:24  

မေလ ၁၆ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် တောင်ကိုရီးယားနိုင်ငံမှ အသစ်ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီး Park Jin နှင့် ဗီဒီယိုဖြင့် တွေ့ဆုံမှုပြုလုပ်ခဲ့သည်။ ဝမ်ယိက တရုတ်နှင့်တောင်ကိုရီးယား နှစ်နိုင်ငံတို့သည် အစပျိုးရာ အသစ်တွင် ရပ်တည်ပြီး လမ်းကြောင်းမှန်ကိုဆုပ်ကိုင်ကာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက်သော နှစ် ၃၀ ကို ဖန်တီးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Park Jin က တောင်ကိုရီးယားဘက်သည် တရုတ်ပြည်တစ်ပြည်တည်းသာ ရှိရေးမူကို အမြဲစွဲကိုင်ပြီး တရုတ်နိုင်ငံအား ကိုရီးယားကျွန်းဆွယ်အရေးတွင် အရေးပါပြီး အပြုသဘောဆောင်သော အခန်းကဏ္ဍတွင် ဆက်လက်ပါဝင်ခြင်းကို ချီးကျူး၊ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။