AC313A အရပ်ဘက်သုံး အကြီးစားရဟတ်ယာဉ်သည် ပထမဆုံးအကြိမ် ပျံသန်း

(GMT+08:00)2022-05-17 16:22:58  

မေလ ၁၇ ရက်နေ့ နံနက်ပိုင်းက ၁၃ တန်အဆင့်  အရပ်ဘက်သုံးအကြီးစားရဟတ်ယာဉ် AC313A သည် ကျန်းရှီး ပြည်နယ်၊ ကျင်ဒယ်ကျန့်မြို့ရှိ လျူမွန်လေဆိပ်တွင် ပထမဆုံးအကြိမ် ပျံသန်းခဲ့သည်။

AC313A ရဟတ်ယာဉ်သည် အများဆုံးအလေးချိန် ၁၃့၈ တန်ကို အပြင်၌ တွဲလောင်းဆွဲနိုင်ပြီး ရေလောင်းနိုင်မှု ၅ တန်ရှိ၍ လေယာဉ်အမှုထမ်း ၂၈ ဦးကို သယ်ဆောင်နိုင်သည်။ ၎င်းသည် ကုန်းပြင်မြင့်ဒေသ၊ အပူချိန်မြင့်ဒေသနှင့် အအေးလွန်ကဲသော ဒေသများကဲ့သို့သော ပထဝီ အခြေအနေနှင့် ရာသီဥတု ရှုပ်ထွေးသောနေရာများတွင် အသုံးပြုနိုင်၍ ပြည်တွင်းအရပ်ဘက်သုံး အကြီးစားရဟတ်ယာဉ်များဖြင့် လေကြောင်းအရေးပေါ် ကယ်ဆယ်ရေး စွမ်းရည်ကို ထိထိရောက်ရောက် မြှင့်တင်ပေးမည်ဖြစ်သည်။